"အလုပ်ကောင်းကောင်းရဖို့နည်းလမ်းများ"
"အလုပ်ကောင်းကောင်းရဖို့နည်းလမ်းများ"
" Manager လား၊ Leader လား"
လင်းသိုက်ညွန့် (မြန်မာ့မြေ)
JOB seekers Journal Vol.3, No.5
လုပ်ငန်းခွင်အတွင်း အလုပ်ကောင်းကောင်း တစ်ခုကို ပိုင်ဆိုင်ပြီးတဲ့အခါမှာ မိမိတို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို လူတိုင်းစဉ်းစားမိကြမှာပါ။ ဒီနေရာမှာ မိမိက ခေါင်းဆောင် (Leader) လား၊ မန်နေဂျာ (Manager) လား၊ စီမံဆောင်ရွက်သူ (Administrator) လား စသည်ဖြင့် ကွဲကွဲပြားပြား သိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တချို့ကလည်း Leader က အရေးကြီးတယ်။ မန်နေဂျာက ပိုအရေးပါတယ် စသည်ဖြင့် ငြင်းခုံကြတာမျိုးတွေကို ကြားဖူးကြ မှာပါ။
ယေဘုယျအားဖြင့်တော့ အဖွဲ့အစည်း၊ ကုမ္ပဏီအတွင်းမှာ လုပ်ကိုင်ဆောင် ရွက်နေသူ တွေကို ဖော်ပြပါပုံအတိုင်းအဆင့် (Level) သုံး ဆင့်ခွဲခြားနိုင်ပါတယ်။ ထိပ်ဆုံးအဆင့် (Top Management) မှာ ဦးဆောင်လုပ်ကိုင်နေသူတွေ ကတော့ အားလုံးသိကြတဲ့အတိုင်း ခေါင်းဆောင် (Leader) တွေပါပဲ။
ခေါင်းဆောင်တွေဟာ အဖွဲ့အစည်းထဲမှာ ရှိတဲ့ အခြားသူတွေထက် အရည် အချင်း အရည်အသွေး ပိုမိုမြင့်မားကြပြီး မဟာဗျူဟာအမြင် ရှိကြပါတယ်။ သူတို့က ရေရှည် (Long Term) နဲ့ ပတ်သက်တာတွေကို သုံးသပ်စဉ်းစားလေ့ရှိ ကြပြီး အဖွဲ့အစည်းအတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ် ချက်တွေကို ဆုံးဖြတ်ကြလေ့ရှိပါတယ်။
ဒုတိယအဆင့် စီမံခန့်ခွဲမှု (Middle Level Management) မှာတော့ မန်နေဂျာတွေ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ မန်နေဂျာတွေ ဟာ ခေါင်းဆောင်တွေက ချမှတ်ပေးလိုက်တဲ့ မဟာဗျူဟာ (Strategy) တွေကို စာရွက်ပေါ်ကနေ လက်တွေ့ (Paper to Practice) လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နည်းဗျူဟာ (Tactic) တွေ ရေးဆွဲဆောင်ရွက် ကြရပါတယ်။ မန်နေဂျာတွေက ခေါင်းဆောင် တွေလောက် အနာဂတ် ကာလ ရေရှည်ကို မျှော်မှန်းဆောင်ရွက်စရာ မလိုဘဲ အလယ်အလတ် ကာလ လယ် (Middle Term) အတွက်သာ မျှော်မှန်းဆောင်ရွက်ကြရလေ့ ရှိပါတယ်။
အောက်ဆုံးအဆင့် (Supervisory Level Management) မှာတော့ စီမံဆောင်ရွက်သူ (Administrator) တွေရှိကြပါတယ်။ သူတို့က တော့ ကာလတို (Short Term) အတွက်သာ မျှော်မှန်းဆောင်ရွက် ကြိုးစားကြလေ့ ရှိပြီး ယေဘုယျအားဖြင့် မန်နေဂျာများက ချပေးတဲ့ နည်းဗျူဟာများ ကို နေ့စဉ်လုပ်ငန်းစဉ် (Day to Day Operation) များအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုထဲမှာတော့ ခေါင်းဆောင် (Leader)၊ မန်နေဂျာ (Manager)၊ စီမံဆောင်ရွက်သူ (Administrator) များဟာ အဖွဲ့အစည်းထဲမှာ သူ့အချိုးအစားနဲ့သူ အချိုးညီညီရှိကြဖို့ လိုပါတယ်။
ခေါင်းဆောင်နဲ့ မန်နေဂျာကို ခွဲခြားရာမှာ စာရေးသူ ကြိုက်နှစ်သက်တဲ့ စကားလေးတစ်ခုရှိပါတယ်။ R.A. Johnson ဆိုသူက ပြောခဲ့တဲ့ စကားလေးပါ ...
"Management is a profession.
Leadership is a exception." ပါတဲ့။ ဆိုလိုတာက စီမံခန့်ခွဲမှုဆိုတာ ပရော်ဖက်ရှင်နယ် တစ်ခုဖြစ်တယ်။ ခေါင်းဆောင်မှုဆိုတာကတော့ ခြွင်းချက်ဖြစ် ပြီး လူတိုင်းမဖြစ်နိုင်ပါဘူးတဲ့။ မှန်ပါတယ်။ ဒါကြောင့်မို့ အဖွဲ့အစည်းတိုင်း မှာ ခေါင်း ဆောင်တွေက အရေအတွက်နည်းပြီး မန်နေဂျာ တွေ၊ စီမံခန့်ခွဲသူတွေ က အရေအတွက် များနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နေရာတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိပါတယ်။ ဆိုလိုတာက နိုင်ငံ စုံကော်ပိုရေးရှင်း ကြီးတွေ၊ ကုမ္ပဏီကြီးတွေမှာတော့ သူတို့ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ (Structure) က ကြီးမားတဲ့ အတွက် ခေါင်းဆောင်၊ မန်နေဂျာ စသည်ဖြင့် ကွဲကွဲပြားပြား ရှိနိုင်ကြပေမဲ့ စာရေးသူတို့လို နိုင်ငံလေးတွေမှာရှိတဲ့ ကုမ္ပဏီလေးတွေမှာတော့ မိမိ တို့ရဲ့အရွယ်ပမာဏ (Size)၊ အခြေအနေ (Condition)၊ ရင်းမြစ် (Resource) စတာတွေ ပေါ် မူတည်ပြီး တစ်ခါတလေ မှာ ခေါင်းဆောင် နဲ့ မန်နေဂျာကို သီးခြားစီခွဲခြားလို့မရနိုင်ဘဲ-
- စီမံခန့်ခွဲရတဲ့ ခေါင်းဆောင် (Managing Leader)
- ခေါင်းဆောင်ရတဲ့ မန်နေဂျာ (Leading Manager)
စသည်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရတဲ့ အခြေ အနေမျိုးတွေလည်း ရှိနိုင်တယ် ဆိုတာကို သတိချပ်ကြရပါမယ်။
အဓိကအရေးကြီးတာက အဖွဲ့အစည်းကုမ္ပဏီများမှာ လုပ်ကိုင်နေသူ တစ်ယောက်အနေနဲ့ မိမိဟာ ခေါင်းဆောင်နေရာမှာ လုပ်ကိုင်နေရတာလား၊ မန်နေဂျာလား၊ စီမံဆောင်ရွက်သူလား စတာကို တိတိပပ ကွဲကွဲပြားပြားသိရှိ နားလည် သဘောပေါက်ဖို့ လိုအပ်ပြီး မိမိရဲ့ အခန်းကဏ္ဍ ကို အထိရောက် အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။
သေချာတာကတော့ ခေါင်းဆောင်ပဲဖြစ် ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲသူပဲဖြစ်ဖြစ် ဘောလုံးအသင်းတစ်သင်းလို တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှ ဆောင်ရွက်နိုင် မယ်ဆိုရင်တော့ အောင်ပန်းကို ဆွတ်လှမ်းနိုင် ကြမှာ ဖြစ်ပါတယ်။ ။
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

Comments
Post a Comment